#Post Title #Post Title #Post Title
Sunday, April 24, 2011

ဘန်းကျော်နည်း

Gmail နဲ့တစ်ခြားဆိုဒ်တွေဆို internet cafe ဆိုင်တွေမှာဆိုရင်သုံးရတာအဆင်ပြေတယ်။ ပြေမှပေါ့ ဒါတွေကိုသုံးလို့ရအောင်လုပ်မထားလို့ ကတော့ဆိုင်ပြုတ်ပြီပဲ။ တစ်ချို့ဆိုင်တွေက တော့ freedom နဲ့တစ်ခြားကောင်းနိုးနိုးရာ software တွေကို အသုံးပြုကြတယ်။ဒါတောင်တခါတလေအဆင်မပြေဘူး။ ကျွန်တော်လည်းဘာထူးလဲ ၀င်မရ ဖွင့်မရ နဲ့ ချာချာလည်နေတာညစ်တယ်ဗျာ။ ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။UltraSurf ဆိုတဲ့ software ရဲ့ ကျေးဇူးကြောင့် gmail အပါအ၀င်တစ်ခြားဆိုဒ်တွေကိုပါ ၀င်ကြည့်လို့ရနေပါပြီ။ ဒီ software file size ဟာသေးငယ်တယ် ၊ စက်ထဲကို install လုပ်စရာမလိုပဲ တန်းသုံးနိုင်တယ်။ Optionတွေက ရှင်းလင်းလွယ်ကူတယ်။ ဒီမှယူဗျာ။

DoubleClick နဲ့ Open လုပ် Run ကိုနှိပ်လိုက် ultra surf က လက်ရှိ proxy addressကို Automatically detect လုပ်ပေးလိမ့်မယ်။ Status မှာ successfullyconnected to server ဆိုတာမြင်ရရင် box ကို minimized လုပ်လိုက်။ ပြီးရင်IE Browser ကိုဖွင့် Proxy Address box မှာ 127.0.0.1:9666 ကိုဖြည့်firefox သုံးသူတွေအတွက်ဆိုရင်လည်း သူရဲ့ Proxy Address boxမှာဒီအတိုင်းဖြည့်ရမှာပဲ။

[ Read More ]

ကွန်ပျူတာ security ပိုင်းကို ခြိမ်းခြောက်မှုအများစုကိုကာကွယ်ရန်နည်းလမ်းများ ..



ကိုယ်ကအရင်စတော့လည်း ကိုယ်ကပဲ စတင်ပေးရမှာပေါ့...
သိတာလေးတွေကို...ညီအစ်ကိုတွေဆီမျှလိုက်မယ်


ကျွန်တော်တို့ ကွန်ပျူတာ security ပိုင်းကို ခြိမ်းခြောက်မှုအများစုကို ကာကွယ်နိုင်ရန်အတွက် ရှောင်ရန်ဆောင်ရန် အချက်များစွာရှိပါတယ်..။

၁။အသုံးပြုနေသော operating system windows နှင့် Office Software တို့ကို update ဖြစ်စေရန် မှန်မှန် check လုပ်၍ လိုအပ်ပါက Microsoft website မှတဆင့် service packs များ security patch များကို download ရယူပါ။
၂။Personal firewall တစ်ခုကို install လုပ်၍ကာကွယ် မှုပြုလုပ်ပါ။
၃။Antispyware တစ်ခုခုကို install လုပ်ထားပါ။
၎။ကွန်ပျူတာတွင် password များအသုံးပြုရာတွင် ခိုင်မာစိတ်ချရသော password များကို အသုံးပြုသင့်တယ်( letter and number)။password ကို မကြာခဏ ပြောင်းလည်းပေးပါ။
၅။Email application(Outlook,Outlook express)တို့အတွက် security update များကိုလည်း မှန်မှန်စစ်ဆေး၍ download ရယူပြီး install လုပ်ဆောင်ပေးပါ။
၆။Antivirus software တစ်ခုခုကို install လုပ်ဆောင်ထားပြီး virus definition ကို အမြဲ update ဖြစ်နေစေရန် ဆောင်ရွက်ပေးပါ။
၇။ကွန်ပျုတာ၏ security ပိုင်းကို ချိန်းခြောက်နိုင်သည့် မကြခဏထွက်ပေါ်နေသော ခြိမ်းခြောက်မှု threats များကို မျက်ခြေမပြတ်ပဲ အမြဲသိရှိနိုင်ရန်အတွက် အသုံးပြုနေသော OS ထုတ်လုပ်သည့် website များမှာ မကြာခဏ သွားရောက်လေ့လာ ရှာဖွေပါ။
၈။မိမိထံရောက်ရှိလာသော Email များ စာဖိုင်များကို အလွယ်တကူ မဖတ်ရှုပဲနှင့် မည်သူ့ဆီကလာတယ် ဘာတွေလည်းဆိုတာကို သေချာလေးလေ့လာပြီးမှလုပ်ဆောင်သင့်ပါတယ်...။

အင်တာနက်ကို အသုံးပြုနေသောသူများအတွက် ထိုအချက်များကို အသေချာအလေးထားဆောင်ရွက်သွားသင့်ပါ တယ်ခင်မျာ။သို့မှသာလျှင် ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးကို စိတ်ချမ်းသာစွာနှင့်ကြာရှည်စွာ အသုံးပြုနိုင်ပါမယ်။
[ Read More ]

ဝင်းဒိုး Xpကို ၀င်းဒိုး7နှင့်8စတိုင်ပြောင်းရန်နှင့်..အခြားသောဆောစ့်ဝဲလ်




ဝင်းဒိုး Xpကို သုံးနေတဲ့သူအတွက်သတင်းကောင်းလေးပေါ့…

ကျွန်တော်လည်း Xpကိုဘဲသုံးပါတယ်………၀င်းဒိုး7မှာလည်းအလုပ်လုပ်ပါတယ်

Xpကို ၀င်းဒိုး 7 နှင့် 8 စတိုင်ပြောင်းရတယ်ဆိုလို့စိတ်ဝင်စားမယ်ထင်ပါတယ်…..

သူမှာဖန်ရှင်တွေတော်တော်စုံပါတယ်………..ဆိုဒ်လည်းသိပ်မများပါဘူး..10 Mbထဲပါ

နာမှုနာပုံတွေ….ကျွန်တော်စက်မှာရိုက်ထားတဲ့ပုံတွေပါခင်ဗျာ



ဒါကတော့googleကနေရှာထားတာပါ



မျက်နှာပြင်တစ်ခုလုံးကိုပုံစံပြောင်းချင်လည်းရပါတယ်

အင်တာနက်ချိတ်ထားတဲ့ကွန်ပျူတာဆို..အွန်လိုင်းကနေ themes

လှလှ..လန်းလန်းတွေကိုဒေါင်းယူလို့ရပါတယ်…

ကိုယ်တိုင်လုပ်ကြည့်ပေါ့ဗျာ….ဒေါင်းပြီးတော့ပေါ့

http://www.mediafire.com/(သို့)http://tunabox.net/



နောက်တစ်ခုကတော့…….သူငယ်ချင်းတစ်ယောက်အကူညီတောင်းလို့



ရှာပြီးတင်ထားပေးတာပါ……သူက..စရင်းကိုင်…ရုံးဝန်ထမ်း..

တွေအတွက်….အသုံးဝင်တဲ့ဆောစ့်ဝဲလ်တစ်ခုပေါ့…….

အဲဒါကတော့….OfficeRecovery 2008 Ultimate Enterprise



အသုံးလိုတဲ့သူငယ်ချင်းတွေအဆင်ပြေပါဗျာ…

သူကစရင်းတွေအင်းတွေကိုမှားဖျက်မိရင်ပြန်ရှာပေးတဲ့ဆောစ်ဝဲလ်လေးပါ….

http://www.mediafire.com/ (သို့)http://tunabox.net/

သူရဲ့လုပ်ဆောင်ချက်တွေက

Recovery for Word - Recovers Word documents

- Recovery for Excel - Recovers Excel spreadsheets

- Recovery for OneNote - Recovers OneNote files

- Recovery for PowerPoint - Recovers PowerPoint presentations

- Recovery for Access - Recovers Access databases

- Recovery for Publisher - Recovers Publisher publications

- Recovery for Outlook - Recovers Outlook mailboxes

- Recovery for OutlookExpress - Recovers Outlook Express mailboxes



Suite Components:

• CalcRecovery

• DBFRecovery

• FileMakerRecovery

• InterbaseRecovery

• LotusNotesRecovery

• MediaHeal for CD and DVD

• MediaHeal for Diskettes

• MediaHeal for Flash

• MediaHeal for Hard Drives

• MediaHeal for Removable Disks

• MySQLRecovery

• OracleRecovery

• ParadoxRecovery

• PDFRecovery

• PhotoshopRecovery

• PixRecovery

• Recovery for Access

• Recovery for Backup

• Recovery for BizTalk

• Recovery for Excel

• Recovery for Exchange

• Recovery for Exchange Server

• Recovery for Money

• Recovery for OneNote

• Recovery for Outlook

• Recovery for Outlook Express

• Recovery for PowerPoint

• Recovery for Project

• Recovery for Project Server

• Recovery for Publisher

• Recovery for SQL Server

• Recovery for Word

• Recovery for Works Database

• Recovery for Works Spreadsheet

• Recovery for Works Word

• RegistryRecovery

• RiteRecovery

• SybaseRecovery

• WordPerfectRecovery

• WriterRecovery

• ZipRecovery



နောက်ထပ်ပြောမျှဝေပေးချင်တာကတော့…………

Free ဒေါင်းလုပ်သမားတွေအတွက်ပါ……….တော်တော်လေးကောင်းပါတယ်

ကျွန်တော်တို့…free Downloads

လုပ်မယ်ဆို…တစ်မီနစ်တို့…..ငါးမီနစ်တို့စောင့်ရတတ်ပါတယ်



အခုဆောစ့်ဝဲလ်ကို..Run လိုက်ရင်….အဲဒီရန်ကကင်းဝေးရမှာပါ….

ဘာလို့လည်းဆိုတော့…သူ အော်တို.. Downloads လုပ်ပေးပါတယ်

သူကို..Run လိုက်ရင်….Mozilla Firefox မှာ Adds-ons လေးတစ်ခုရမှာ

Free Downloads့ လုပ်တဲ့လိပ်စာတော်တော်များများမှာအလုပ်လုပ်ပါတယ်





http://dl.skipscreen.com/files/SkipScreen-Setup.exe

တိုက်ရိုက် Downloads လုပ်ရပါတယ်…ဒါမှမဟုတ်..

http://www.mediafire.com/ (သို့)http://tunabox.net/

ကျွန်တော်တင်ပေးထားတဲ့လင့်မှာလည်း Downloads လုပ်လို့ရပါတယ်…





နောက်ဆုံးတစ်ခုက…………..ဓာတ်ပုံထဲမှာအလှပြင်ချင်တဲ့မမတွေအတွက်ပါဗျာ

မိတ်ကပ်လိမ်းမလား……..နှုတ်ခမ်းနီဆိုးမလား….

မျက်တောင်မွေးမှာဘဲ…ကာလာထည့်မလားကြိုက်တာ…ကလိရတယ်နော်



http://www.mediafire.com/ (သို့)http://tunabox.net/

သူက Portable ဆောစ့်ဝဲလ်ဆိုတော့……..မန်မိုစတစ်ရှိယုံနဲ့အဆင်ပြေပါတယ်

နောက်တစ်ခုကတော့.....ကွန်ပျူတာမျက်နှာပြင်မှာ.....ဓာတ်ပုံချိတ်တဲ့ဆောစ့်ဝဲလ်လေးပါ



ကိုယ်နှစ်သက်သလိုထားရပါတယ်..

ဇောက်ထိုးဘဲထားထား..စောင်းစောင်းဘဲထားထား.....အဆင်ပြေသလို့ပေါ့...
[ Read More ]

Facebookတွင်လုံခြုံစိတ်ချစွာရှိနေဖို့အတွက် အကြံပြုချက် (၇) ချက်

အစစ်အမှန်မဟုတ်သော ကမ္ဘာသည် အန္တရာယ်တစ်ခုပင် ဖြစ်နိုင်သည်။
ဖေ့ဘုတ်ခ်တွင် သင်သည် ဘေးအန္တရယ်မှ ကင်းဝေးရန် အောက်ပါအချက် ၇ ချက်ကို
အသေအချာ ဖတ်ရှုပါ။


၁။ အများနှင့် သက်ဆိုင်ခြင်းမှ သင့်ကိုယ်သင် ပုန်းကွယ်ပါ။

ဒါကတော့ ရှေ့သို့ ဖြောင့်တန်းနေတယ်လို့ သင် တွေးထင်နေလိမ့်ပါမယ်။ ပြီးတော့
လူအများဟာ ထင်မြင်ချက်အောက်နေ သူတို့တွေ ပုန်းကွယ်နှင့်ပြီးဖြစ်သည်။
သို့သော် သင်ဟာ ၎င်း categories အများအပြားတွင် ဆက်တင်ကို မသုံးဘူးဆိုရင်
တခြားလူတွေက သင့်ရဲ့ အချက်အလက်တွေကို မြင်တွေ့နေရမှာ ဖြစ်ပါတယ်။ ဒါကတော့
ဖေ့ဘုတ်လ်အကောင့်အတွက် အလွန်အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။

သင်ကိုယ်သင်ကာကွယ်ရန် click Account> Privacy settings> Profile
information ဆီသွားပါ။
Categories ၁၂ ခုလုံးအတွက် သင့်ရဲ့ သီးသန့်တည်ရှိမှုကို ချိန်ကိုက်ပါ။
အဲဒီနောက်မှာ Privacy> Contact information ကို ပြန်သွားပါ။ သင့်
privacy ဆက်တင်မှာရှိတဲ့ categories ၉ ခုလုံးကိ ပြင်ဆင်ပါ။

၂။ သင်ကို ရှာဖွေရေးအင်ဂျင်တွင် ရှာဖွေခွင့်မပြုပါနှင့်။

တစိမ်းတရံလူများရဲ့ သင့် စာမျက်နှာကို ဆက်သွယ်လာမှုကို တားဆီးရန်
Account> Privacy
settings> Search သို့သွားပါ။ ဖေ့ဘုတ်ဘ် ရှာဖွေရေး ရလဒ်အတွက် ‘Only
friends’ ဆိုတဲ့ ကို ရွေးချယ်ပါ။

၃။ သင်ရဲ့ အချက်အလက်အပြည့်အစုံတွေကို တခြားကုမ္ပဏီများဆီ မလွှဲပြောင်းဖို့
ဖေ့ဘုတ်ခ်ကို ခွင့်မပြုပါနဲ့။


သင်က သူတို့ကို ခွင့်ပြုလိုက်မယ်ဆိုရင် ဖေ့ဘုတ်ခ်သည် ကုမ္ပဏီတွေဆီ သင့်ရဲ့
ကောက်ကြောင်းပုံတွေကို ကြေငြာ အကြောင်းအရာတွေနဲ့ သုတေသနလုပ်ငန်းတွေအတွက်
ဆက်သွယ်လာမှာ ဖြစ်ပါတယ်။ သူတို့က သူတို့ရဲ့ ကြေငြာတွေမှာ သင့်
အချက်အလက်တွေကို သုံးစွဲသွားနိုင်တယ်။

ဒါတွေကို ရပ်တန့်အောင် လုပ်ဆောင်ဖို့အတွက် Account> Privacy>Settings
> Applications
and websites ကို ကလစ်ပါ။ နောက်တဖန် ‘Instact Personalisation Pilot
Program ’ ကို သွားပြီး ‘Edit setting’ ကို ကလစ်ပါ။ ဖန်သားပြင်ရဲ့
အောက်ဆုံးမှာ ပုံးလေဟာ အမှန်ခြစ်ထားတာမှာရှိတဲ့အတွက် အသေအချာ ပြုလုပ်ပါ။
ဘယ်ကြေငြာမှာမှ သင့် အချက်အလက်တွေ မပေါ်အောင် အသေအချာလုပ်ဆောင်ရမှာက
Account> Account Settings> Facebook Adaverts ဆီသွားပါ။ ‘no one’
on ‘Allow ads on platform pages to show my information to’ နှင့် ‘Show
my social actions in Facebook ads to’ တခုကို ရွေးချယ်ပါ။

၎။ တခြားသောသူမှ သင် အကောင့်ကို သုံးမသုံး အသေအချာ လုပ်ပါ။

အရင်ပတ်က ဖေ့ဘုတ်ခ်မှာ မကြာသေးခင်က ထွက်ပေါ်လာတဲ့ အကြောင်းအရာအသစ်ဖြစ်ပါတယ်။
အဲဒီ
feature အသစ်က သင်အကောင့်ကို ဆက်သွယ်ဖို့ ကြည့်ရှုစစ်ဆေးမယ့် devices
များကို ခွင့်ပြုခြင်း ဖြစ်ပါတယ်။

Account> Account settings > Account security သို့ သွားပါ။ ‘Would
you like to receive
notifications for logins from new devices’ ကို ကလစ်ပေးပြီးနောက်မှာ
အောက်မှာ ရှိတဲ့ ‘Yes’ ကို ကလစ်ပါ။

အကောင့်ကို ပိတ်ပြီး ပြန်ဖွင့်ပါ။ သင်သုံးနေတဲ့ device နာမည်ကို သင်ကို
မေးနေပါလိမ့်မယ်။
အဲဒီ့နောက်မှာ ၎င်းက သင့်အီးမေးလ်ဆီ ပို့ပါလိမ့်မယ်။ အခုချိန်မှာတော့
သင်မသုံးတဲ့ device မှ သင့် အကောင့်ကို တခြားတယောက်က ၀င်ရောက်မယ်ဆိုရင်
အီးမေးလ်က ပြောပြတာကို သင်သည် လက်ခံ ရရှိပါလိမ့်မယ်။ ထိုပုံစံမျိုး
ဖြစ်ပေါ်လာမယ်ဆိုရင် သင်အနေနဲ့ ချက်ချင်း လျှို့ဝှက်နံပါတ်ကို
ပြောင်းလဲပေးပြီး ဖေ့ဘုတ်ခ်ရဲ့ Help Centre ကို အကြောင်းအကြားပါ။

၅။ သင့် ပရိုဖိုင်ထဲတွင် မွေးနေ့ရက်ကို အပြည့်မဖော်ပြပါနဲ့။

ဒီအကြောင်းအရာကတော့ မည်သူမည်ဝါဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေကို
ခိုယူသူတွေအတွက်
ပစ်မှတ်ကောင်းတခု ဖြစ်ပါတယ်။ ၎င်းတို့ဟာ သင့်ရဲ့ ပိုမိုပြည့်စုံတဲ့
သတင်းအပြည့်အစုံတွေစုဆောင်းပြီး ဖြစ်နိုင်ချေရှိတဲ့ သင့် ဘဏ် သို့မဟုတ်
credit ကဒ် အကောင့်တွေကို ဆက်သွယ်ရယူပြီး အသုံးပြုနိုင်ပါတယ်။ သင်အနေနဲ့
မွေးရက်သက္ကရာဇ် အပြည့်အစုံထည့်သွားပြီးခဲ့လျှင်
ပရိုဖိုင် စာမျက်နှာဆီသွားပြီး ‘info’ tab ကို ကလစ်ပါ။ “Edit information”
လုပ်ပါ။ အခြေခံ အကြောင်အရာအချက်လက်အောက်မှာ မွေး သက္ကရာဇ်တွင် လ သို့မဟုတ်
ရက် ကိုသာဖော်ပြပါ။ အပြည့်အစုံ မဖော်ပြပါနဲ့။

၆။ သင်သူငယ်ချင်များမှ သင်ကိုယ်သင် ကာကွယ်ပါ။

သင့် ဖေ့ဘုတ်ခ် သူငယ်ချင်းများသည် applications များကို အသုံပြုလာသောအခါ
သူတို့သည် third parties မျာနှင့် သင့် အချက်လက်များကို မတော်တဆ
အသုံးပြုလာနိုင်တယ်။ကာကွယ်ရန်အတွက် Account > Privacy Settings > Applications and
websites >What your friends can share aboutyou သို့သွားပါ။ ပုံးပုံစံအားလုံးထဲက အမှတ်ခြစ်ထားတာတွေကို
ပြန်ဖြုတ်ပြီးsave ပြန်လုပ်ပါ။

၇။သင်ရဲ့ ပင်မစာမျက်နှာမှာ ကြေငြာ မထားပါနဲ့။

ဖေ့ဘုတ်ခ်ပေါ်တွင် သင်ပို့စ်လုပ်သည့်အခါတိုင်း လိပ်စာ အပြည့်အစုံ မသုံးမိရန်
အသေအချာလုပ်ပါ။
ဒါကတော့ ‘Info’ section မှာ မထည့်ဖို့ အတွက်ပါပဲ။
[ Read More ]

facebook မှာ password မေ့နေသူများအတွက်



အခု ကျွန်တော် အသိပေးချင်တာလေးကတော့ Face Book အကောင့် Pass မေ့သွားသူများအတွက်ပါ လုပ်ပုံလုပ်နည်းကတော့

1.facebook လင့်ခ်ကိုအရင်ဖွင့်လိုက်ပါ User Name နေရာမှာ

2.ကိုယ် facebook Acc ၀င်တုန်းကပေးတဲ့ နာမည်ရိုက်ပါ

3.Password ရဲ့အောက်နားက forgot password ဆိုတာကို နှိပ်လိုက်ပါ

4.Trouble Accessing Your Account?


ဆိုတဲ့ ခေါင်းစဉ်နဲ့ Wed Page တစ်ခု ကျလာပါလိမ့်မရ်

5.အဲ့ဒီ့မှာ ကိုယ့်ရဲ့ Mail လိပ်စာလေးကိုဖြည့်ပြီး Continue ကိုနှိပ်ပါ

6.နှိပ်ပြီးသွားရင် Confirm password reset request အခုလို ခေါင်းစဉ်နဲ့ Wed Page ပြန်ကျလာပါလိမ့်မရ်

7.သူ့အောက်နားမှာ Text in the box ဆိုပြီး စာလိမ်ဖြေခိုင်းတဲ့ Box လေးပေးပါတရ် အဲ့ဒီ့မှာ စာလိမ်ဖြေလိုက်ပါ
8.နောက်တစ်ဆင့်ကြရင် သူက အခုလို စာမျိုးလေး ပေးပါတရ် Reset My Password This isn't me ဆိုတဲ့ စာကြောင်းလေး 2 ကြောင်းပါ

9.အဲ့ဒီ့ထဲက ကိုနှိပ်လိုက်ပါ Reset My Password အဲ့ဒီ့လိုနှိပ်လိုက်ရင် သူက ကိုယ့်ရဲ့ Mail ထဲကို face book လင့်ခ်နဲ့ Facebook Password Reset Confirmation ဆိုတဲ့ မေးလ်လေးပါ အဲ့ဒီ့မေးလ်မှာ Coade ပေးထားပါတရ်

10.Reset My Password ကိုနှိပ်ပြီးရင် သူက Coade တောင်းပါတရ် စောဏကကျွန်တော်ပြောထားတဲ့ မေးလ်လေးကိုဖွင့်ပြီး အဲ့ဒီ့ကုဒ်ကို ကော်ပီကူးလိုက်ပါ
11.Confirmationresetcoade:ဆိုတဲ့နေရာလေးမှာ မေးလ်ထဲကူးလာတဲ့ Coade ကို ထည့်လိုက်ပါ ( Ctrl + V )

12.ပြီးရင် Submit ကိုနှိပ်လိုက်ပါ

13.အဲ့ဒီ့နောက် Pass အသစ်ကို ဖြည့်လိုက်ရင် ကိုယ့်ရဲ့အကောင့် ပြန်ရပါပြီ ကိုယ့်အကောင့်ရဲ့  စာမျက်နှာကိုရောက်ရင် Home ကိုနှိပ်လိုက်ပါ အဲဒါဆိုရင်ရပါပြီ ကိုယ် Pass ပြောင်းပြီးရင် facebook က Pass ပြောင်းပြီးကြောင်း မေးလ်ထပ်ပို့ပေးပါတရ်တဲ့ဗျာ ..... ဪမေ့တော့မလို့ ကိုယ်ရဲ့မေးလ်ကိုတော့ အဆင်သင့်ဖွင့်ထားပေါ့ဗျာ ...ဆိုင်မှာသုံးသည့်အတွက် ပုံထုပ်ပြီး မလုပ်ပေးနိုင်တဲ့အတွက် ၀မ်းနည်းပါကြောင်း ၊ ကျွန်တော်ကိုယ်တိုင်ကလဲ တက်လို့ ပြောတာမဟုတ်ပါကြောင်း ၀န်ခံအပ်ပါသည်ဗျာ
....
[ Read More ]

ဘယ်သူတွေ ငါ့ကို BLOCK ထားလဲ.......

မိမိ ကို ဘယ် သူက Block ထားတာလည်းဆိုတာကို ကြည့်တဲ့နည်းလေး ပဲဖြစ်ပါတယ်..
အရင်ဆုံး Gtalk ကိုသွားပါ ...အဲဒီ့မှာ offline ဖြစ်နေသူတစ်ဥိးကို chat နေကျ အတိုင်း ကလစ်နှိပ်လိုက်ပါ၊ ပြီးရင်send voicemail ကို ကလစ်တချက်နှိပ်လိုက်ပါ. .... call သံကို ကြားပြီး မိန်ကလေးတစ်ဦးအသံနဲ့ The best .....ဆိုပြီးအသံနဲ့ ပေါ်လာရင် အဲဒီ့ လူဟာကိုယ့်ကို Block ထားတဲ့သူမဟူတ်ပါဘူး.... တစ်ကယ်လို့ အဲဒီ့လိုအသံမပေါ်ပဲ ခဏလေးနဲ့ ပြုတ်ကျသွားတယ်ဆိုရင်တော့ ဒီလူဟာ ကိုယ့်ကို Block ထားတဲ့သူပါ...ကဲစမ်းသပ် ကြည့်လိုက်ကြပါအုံး သူငယ်ချင်းတို့.....

[ Read More ]

Gmail မှာ .exe ဖိုင် တွဲပို့နည်း

Gmail မှာ Exe ဖိုင်ကို attach လုပ်ပြီး
ပို့မရတာ အားလုံးသိပြီးကြမှာပါ။ ဗိုင်းရပ်စ်တွေဟာ exe ဖိုင်တွေကနေ
အများဆုံးဝင်နိုင်တာမို့ Google က ကန့်သတ်ထားခြင်းဖြစ်ပါတယ်။
ခက်တာကဗျာ..ကျွန်တော်တို့က ဘယ်ဗိုင်းရပ်စ် မှလည်း သူများဆီကို
ပို့မှာမဟုတ်ဘူး။ ဟိုဟိုဒီဒီ ကောင်းနိုးကောင်းရာ Program လေးတွေကို
သူငယ်ချင်းတွေဆီ attach လုပ်ပို့မယ်ဆိုတော့ ပြဿနာတက်ရော။ အဲဒါနဲ့
ကျွန်တော်လည်း ကလိန်ကကျစ်နည်းလေးတစ်ခုကို စတွေ့ပါတော့တယ်။
ပထမဆုံး ကိုယ်ပို့ချင်တဲ့ Exe ဖိုင်ကို File Extension ပြောင်းပေးရပါမယ်။ File
extension ဆိုတာက ဖိုင်တစ်ဖိုင်ရဲ့ နာမည်နောက်မှာရှိတဲ့ letter သုံးလုံးကို
ပြောတာပါ။ ဥပမာ File name က ultrasurf.jpg ဆိုရင် အဲဒီဖိုင်ရဲ့ Extension
ဟာ jpg ဖြစ်ပါတယ်။ ultrasurf.exe ဆိုရင်တော့ သူ့ extension က exe ပေါ့။ Exe
ဆိုတာက Executable ရဲ့အတိုကောက်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ပို့မယ့် exe
ဖိုင်ကို တခြား extension ပြောင်းပါ။ ultrasurf.exe ဆိုရင် ultrasurf.part
လို့ပြောင်းလိုက်ပေါ့။ အဲဒါဆို အဲဒီဖိုင်ကို attach လုပ်လို့ ရသွားပါပြီ။
ကိုယ် မေးလ်ပို့တဲ့သူကိုတော့ မေးလ်ထဲမှာ Extension ကို ပြန်ပြောင်းပြီး
ဖွင့်ပါလို့တော့ ရေးပေးရမှာပေါ့။

File extension ကို ပြောင်းလဲနည်းကတော့
၁။ သင့်ဖိုင်နာမည်ကို ကြည့်လိုက်ပါ။ File extension မပါဘူးဆိုရင် Tools> Folder Option ကိုသွားပြီး View tab ကိုနှိပ်ပါ။
၂။ ပြီးရင် Hide extensions for known file type ရှေ့က အမှန်ခြစ်ကို ဖြုတ်ပေးပါ။ OK နှိပ်ပါ။
၃။ File ကို rename လုပ်ပါ။ (a.exe ဆိုရင် a.part ပေါ့) Enter ခေါက်ပြီး အတည်ပြုပေးလိုက်ပါ။
၎။ ပြီးသွားပါပြီ။ ကဲ ပို့ကြည့်လိုက်ပေါ့။

[ Read More ]

Connection ကျနေစဉ် G talk, G mail ဖွင့်ရအောင်

Connection ကျနေစဉ် G talk, G mail ဖွင့်နိုင်စေရန်အတွက်

Gmail ဖွင့်လိုလျှင်-
-mozilla ကို ဖွင့်ပါ။
-mozilla ထဲက Tools ကိုဖွင့်ပါ။
-Tools ထဲက Options ကိုနှိပ်ပါ။
-Options ထဲက Advanced ကိုနှိပ်ပါ/
-Advanced ထဲက settings ကိုနှိပ်ပါ။
-Settings ထဲက manual poxy ကို နှိပ်ပါ။
-manual poxy အောက်တွင် HTTP poxy ပေါ်လာလိမ့်မည်။ ပေါ်လာလျှင်
HTTP poxy box တွင်212.93.193.72 ကိုရိုက်လိုက်ပါ။ ဘေးက Port box တွင်
443 ကိုရိုက်ထည့်လိုက်ပါ။
*အားလုံးပြီးသွားလျှင် OK နှင့်ထွက်လိုက်ပါ။
ဒါဆို ရင် Gmail ဖွင့်လို့ရပါပြီ။

Gtalk ဖွင်လိုလျှင်- gtalk settings ထဲဝင်ပြီး connection ကိုနှိပ်ပါ။
ပြီးရင် use the following poxy ကိုနှိပ်
Host box မှာ 212.93.193.72 ကိုရိုက်ထည့်လိုက်ပါ
port box မှာ 443 ကိုရိုက်ထည့်လိုက်ပါ။
ပြီးရင် Gtalk ၀င်လို့ရပ်ပြီ။

************ သူငယ်ချင်းတို့ CONNECTION ကျခြင်းမှကင်းဝေးပါစေ************
poxy no. နေရာမှာ 212.93.193.72 ဆိုတာအပြင်... 212.93.193.82
,212.93.193.83, 212.93.193.84, block.appleak.net တို့ကို အဆင်ပြေသလို့
အစားသုံးသွားလို့ရပါတယ်။ port ကတော့ 443 ပဲဖြစ်ပါတယ်...
[ Read More ]

မသုံးချင်တဲ့G-talk account တွေ ဖျက်ချင်ရင်

(1) ကိုယ်မသုံးချင်တော့တဲ့ Account ရဲ့ G-mail setting ကိုဝင်ပါ။ Account & Imports tab ထဲက Other Google Account Setting ကိုနှိပ်ပါ။Tab တစ်ခုအနေနဲ.ပေါ်လာမယ်။

(2)ဒီအဆင့်ကတော့ My product ဆိုတဲ့စာတန်းရဲ့ဘေးမှာရှိတဲ့ Edit ဆိုတဲ့စာတန်းကိုနှိပ်ပါ။

(3) Delete Accoung ဆိုတဲ့စာတန်းရဲ့အောက်က "Close account and delete all services and info associated with it " ဆိုတဲ့စာတန်းကိုနှိပ်ပါ။

(4)Google App Engine ,Web History ,iGoogle, Gmail,Google Talk ဆိုတဲ့ check box အားလုံးကိုအမှန်ခြစ်ခြစ်ပါ။

(5)Current password မှာ လက်ရှိသုံးနေတဲ့ Password ကိုထည့်ပါ။

(6) Delete Google Account ကိုနှိပ်ပါ။ သုံးနေတဲ့Account ကို Sign Out လုပ်ပြီးတာနဲ့ ပြန်ဝင်လို.မရတော့ပါဘူး။

ဒီလောက်ဆိုရင် ကိုယ်မသုံးချင်တော့တဲ့ G-talk account တွေကိုယ့်ထဲမှာမှတ်ထားစရာမလိုတော့ဘူးပေါ့နော်....
[ Read More ]

GMIL အသုံးပြုသူများ သိစေရန်..........

မေးလ်ထဲကို Gmail ကနေဆိုပြီး မေးလ်တစ်စောင် ရောက်လာတယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့ တကယ်ထင်စရာပါပဲ။ ကိုယ်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ဖျက်ပစ်လိုက်တဲ့ မေးလ်အကောင့် တစ်ခုကို Retrieve လုပ်နေတဲ့ အချိန်ဆိုတော့ ဟုတ်များဟုတ်နေသလားပေါ့။ ဒါပေမယ့် မသင်္ကာလို့ အချက်အလက်တွေ စစ်ဆေးကြည့်လိုက်တော့ အတုကြီး ဖြစ်နေတာ သေချာသွားတယ်။ အခြားသူတွေ ဒါမျိုးကြုံခဲ့ရင် အယုံလွယ်ပြီး သူတို့ ပြောသမျှ မလုပ်မိအောင်လို့ပါ။ ကျွန်တော့်ကို နိုင်ငံခြားသား ပညာရှင်တစ်ယောက်က ပြောဖူးတယ်။ Security ချိုးဖောက်ခံရတာတွေ အားလုံးရဲ့ 90% လောက်က ကိုယ့်ကြောင့် ဖြစ်တာတွေတဲ့။

ဒီလင့်ထဲကနေ ၀င်ကြည့်လိုက်ပါလားနော်
ပုံလေးတွေ တင်မရလို့ပါ............

ifile.it
http://ifile.it/nidr6wz
http://ifile.it/sp3rufd
လေးနဲ့တင်ပေးထားတယ်

ဂူဂယ်ဟာ နာမည် လျှို့ ဝှက်ကုဒ်၊ မွေးသကက္ကရာဇ်၊ နေထိုင်ရာအရပ် စတဲ့ အရာတွေကို ဘယ်တော့မှ အဲဒီလို မေးလေ့မေးထ မရှိဘူး။ ပြီးတော့ မေးထားတဲ့ ပုံစံက စနစ်မကျဘူး။ အောက်က Warning ကလည်း ခြိမ်းခြောက်လွန်းအား ကြီးတယ်။ GMAIL Beta ဆိုတဲ့ လိုဂိုမှာ Font Space က ဂူဂယ်ရဲ့ဟာနဲ့ မကိုက်ဘူး။ နောက်ဆုံး အပေါ်က Show Detail မှာ ကြည့်လိုက်တော့ ပို့တဲ့နေရာမှာ verifyscess@gogleteam.com ဆိုပြီး ဖြစ်နေတယ်။ ကိုယ်က ပြန်မယ့် အီးမေးလ်ကိုကျတော့ accessacount11@gmail.com ဆိုပြီး လွှဲထားတယ်။ အားလုံးကို သုံးသပ်လိုက်တော့ ဒါဟာ တစ်ယောက်ယောက်က ကိုယ့်ဆီက အချက်အလက်တွေကို လိုချင်လို့ တမင် လုပ်ကြံပို့လိုက်တဲ့ စာကြီးဆိုတာ သိသာသွားပါတယ်။ ရုတ်တရက်ဆိုရင်တော့ ကိုယ့်အကောင့် ပျက်မှာကြောက်ပြီး သူတောင်းတဲ့ဟာတွေ ပေးမိကောင်း ပေးမိနိုင်ပါတယ်။ ဒါမျိုးမေးလ်တွေ လာတဲ့အခါ သတိထားနိုင်အောင်လို့ ပါ။
[ Read More ]

Gtalk ကိုဘယ်လိုကာကွယ်မလဲ


ဆိုက်ဘာကဖီးမှာသုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်။

တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို
စိတ်ဝင်စားကြတယ်ဗျ။ ဘာလို့သူများ password ကို သိချင်ကြမှန်း မသိဘူး။
ဘာမှ ကောင်းကျိုး မရှိဘူး။ ရေးတဲ့လူတွေ ရှိတော့လည်း
ပြောပြရတော့မှာပေါ့ဗျာ။

ရေးကြတာကတော့ connection ကျအောင်လုပ် gtalk က password တွေ ••••
အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ။ အင်း ...
အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see passwoord လို့ ခေါ်တယ်။
ဒီကောင်လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူး
လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။

အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် ..
window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ
လုပ်နေတယ်။ tray icon လည်း မပေါ်ဘူး။ ရှိမရှိ မသိရဘူးပေါ့ဗျာ။ သူက ခင်ဗျား
keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ
မှတ်ထားပေးတယ်ဗျ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ။ ပထမဆုံး gtalk
sign in ၀င်မယ်ဗျာ။ သွားပြီ user name ရော ၊ password ရော။ နောက်ပြီးရင်
ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ်
လုပ်ငန်းပိုင်းတွေပြောမယ်။ တစ်ချို့တွေ credit card နံပါတ်တွေ ရိုက်မယ်
အကုန်ကျန်ခဲ့တာဗျ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့။ အထူးသဖြင့်
ဆိုက်ဘာ ကနေ သုံးရတဲ့လူတွေ။ တွေးသာကြည့်ပါတော့ဗျာ ... (All in 1
key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ
မှတ်ပေးထားနိုင်တယ်၊

အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော်
ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့
အသိပေးပြောပြလိုက်ပေါ့ဗျာ။ တကယ်ကျန်ခဲ့တယ်ဆိုတာ
အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. ဟဟ software ရှာပြီး
စမ်းကြည့်ပေါ့ဗျာ။
ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင်
.. ။ Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ
..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့်
ဗျာ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End
process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ
ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab
ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး
ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ...ဘာလို့ဆို
ရိုးရိုးယူဆာတွေအနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို
ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end
process လုပ်ပြီး ကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာ
အကောင်းဆုံးပါပဲ။
[ Read More ]

Gmail အကောင့်မရှိဘဲ Gmail ပို့နည်း

တစ်ခါတစ်လေ မိမိတို့ mail တွေဖွင့်မရဘဲ ကြုံနေတဲ့အခါ မိမိအကောင့်
အသုံးပြုစရာမလိုဘဲ မေးလ်ပို့လို့ ရတဲ့ note2email ဆိုဒ်လေကို
မိတ်ဆက်ပေးတာပါ။ ဒါပေးမဲ့ တစ်စောင်ပို့ပြီရင်တော့
နောက်တစ်စောင်ပို့ဖို့ကို စောင့်ရပါတယ်။ ဒါပေးမဲ့
mail တွေဖွင့်မရတဲ့အချိန်တော့မှာတော့ အဆင်ပြေမှာပါ။

1.http://www.note2email.com/write ဒီဆိုဒ်ကို အရင် ဖွင့်လိုက်ပါ။
2.Gmail Address နေရာမှာ မိမိပို့ချင်တဲ့ Gmail အကောင့်ကို ရိုက်လိုက်ပါ။
3.Title မှာကတော့ မိမိ ရေးချင်တဲ့အကြောင်းအရာ ရေးလိုက်ပါ။
4.Note နေရာမှာ မိမိ ရေးချင်တဲ့ ပို့ချင်တဲ့စာတွေကိုရေလိုက်ပေါ့

5.Encryption Key နေရာမှာ ဘာမှ မရေးလဲရပါတယ်။
6.ပြီးရင် ပုံကို ကြိုက်နှစ်သက်ရာထပ်ရွေးလိုက်ပါ။
7.ပြီရင် Send It ကိုနိုပ်လိုက်ပါ။
[ Read More ]

Windows Media Player ကိုအသုံးပြုပြီးဓာတ်ပုံ ရိုက်တဲ့ နည်းလေးပါ။

[ Read More ]

ကိုယ်သုံးထားသမျှ Gmail Account တွေအားလုံးကို တစ်နေရာတည်းကနေ sign out လုပ်မယ်

Gmail တွေ ဖွင့်သုံးထားခဲ့ပြီး Sign Out လုပ်ဖို့ မေ့ခဲ့တဲ့သူတွေအတွက် အသုံးဝင်မယ့် Gmail ရဲ့  စွမ်းဆောင်ရည်တစ်ခုကို ပထမဦးဆုံး Post အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

တစ်ခါတရံ ကိုယ့်ရဲ့ စက်မှာမဟုတ်ဘဲ အင်တာနက် ကဖီးမှာသုံးရင်း ဒါမှမဟုတ် ခရီးသွားရင်း တခြားမြို. တစ်မြို့ ရဲ့  ကဖီးကစက်တွေမှာ အင်တာနက်သုံးခဲ့ရင်း Sign Out လုပ်ရတာ အဆင်မပြေဖြစ်နေတုန်း အရေးတကြီးထွက်လာရရင် ကိုယ့်နိုင်ငံ၊ ကိုယ့်မြို့ ကနေ လှမ်းပြီး သုံးခဲ့သမျှ Gmail တွေကို Sign Out လုပ်နိုင်တာပေါ့။ အဲဒီလိုလုပ်ဖို့က -

၁။ Gmail ရဲ့  Page ကို အောက်ဆုံးရောက်အောင်သွားပါ။ အဲဒီမှာရေးထားတဲ့စာကြောင်းတွေထဲက တတိယမြောက်စာကြောင်းမှာ ကိုယ့်ရဲ့  Gmail ကို အခုလက်ရှိ အခြားနေရာတွေမှာ ဖွင့်ထား မထား အခုလို ကြည့်ရှု့ နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ဘယ်မှာမှ တစ်ပြိုင်တည်း ဖွင့်မထားဘူးဆိုရင် Last account activity . . . . hours ago at this IP ( *** ) ဆိုပြီး ပေါ်ပါလိမ့်မယ်။ တကယ်လို့ တစ်ယောက်ယောက်က သုံးနေရင်ဖြစ်ဖြစ်၊ ကိုယ် Log Out လုပ်ဖို့ မေ့ခဲ့ရင်ဖြစ်ဖြစ် This account is open in . . . other location. Last account activity . . . hours ago. ဆိုပြီး ပြနေမှာပါ။

၂။ အဲဒီလိုဖြစ်နေတာတွေရဲ့  အခြေအနေတွေကို အသေးစိတ်ကြည့်ပြီး ဒီကနေလှမ်းပြီး Sign Out လုပ်ဖို့နဲ့ လိုအပ်ရင် Password ပြောင်းပစ်ဖို့အတွက် ခုနကစာကြောင်းတစ်ခုခုရဲ့ ဘေးမှာ ပေါ်နေတဲ့ အပြာရောင်စာသားနဲ့ ပြထားတဲ့ Details ကို နှိပ်လိုက်ပါ။

၃။ ဒါဆိုရင် Page အသစ်တစ်ခု တတ်လာပါလိမ့်မယ်။

၎။ အဲဒီ Page မှာ Activity on this account ဆိုပြီး ခုနကအခြေအနေတစ်ခုခုအပေါ်လိုက်ပြီး နောက်ဆုံးသတင်းနဲ့ လက်ရှိတစ်ပြိုင်တည်းသုံးနေတာတွေကို ဇယားနဲ့ ပြပေးထားပါလိမ့်မယ်။

၅။ ဖွင့်သုံးထားတယ်၊ သုံးနေတယ်၊ သုံးမနေဘူး စတာတွေကို ဖွင့်ထားရင် ဖွင့်ထားတဲ့အကြောင်းနဲ့ ဖွင့်မထားရင်လည်း ဖွင့်ထားပုံမရကြောင်းကို စာရေးဖော်ပြပေးပါလိမ့်မယ်။ တခြားတစ်နေရာမှာ ဖွင့်မထားဘူးဆိုရင် This account does not seem to be open in any other locations. However, there may be sessions that have not been sign out ဆိုပြီး Sign Out လုပ်ဖို့ Sign Out all other sessions ဆိုတဲ့ button ပါ ပါလာပါလိမ့်မယ်။ အဲဒီမှာ ကိုယ်သုံးထားတဲ့ နောက်ဆုံး activity တွေရဲ့  Acess Type, IP Address နဲ့ Date/Time ငါးခုကို ဇယားနဲ့ မြင်ရမှာပါ။ ပြီးရင် Sign Out button ကို နှိပ်လို့ရပါပြီ။

၆။ နှိပ်ပြီးရင်တော့ Successfully sign out all other sessions ဆိုပြီး ဖော်ပြပါလိမ့်မယ်။ တခြားမှာ ဖွင့်ထားမိရင် လိုလိုပိုပို Password ပြောင်းပစ်သင့်ကြောင်း ပြောပါလိမ့်မယ်။ လိုအပ်တယ်ထင်ရင်တော့ Password ကို ပြောင်းလိုက်ရုံပါပဲ။

ဒါဆိုရင်တော့ မေ့တတ်တဲ့ User တွေအားလုံး အဆင်ပြေပြေနဲ့ တစ်နေရာကနေလှမ်းပြီး ကိုယ့် Gmail ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ပြီဖြစ်ပါတယ်။ Privacy အပြည့်ရဖို့လည်း မျှော်လင့်နိုင်တာပေါ့။

ကဲဟုတ်ပြီနော်တယ်ချင်းများ..ကိုယ့် တယ်ချင်းတွေ G-mail လေးကို မအောက်မိလို့များ စိတ်ဆင်းရဲနေရင်လေ ဒီနည်းလေးကိုတိုးတိုးလေးပြောပြလိုက်နော်....
[ Read More ]

ဗိုင်းရပ်စ်

သူငယ်ချင်းတို့စက်မှာဗိုင်းရပ်စ်တွေကြောင့် စိတ်ညစ်နေလား....

ဗိုင်းရပ်စ် ဆော့ဝဲလ်လေးပြန်လည်မျှဝေပေးလိုက်ပါတယ်နော်......

ဒီဆော့ဝဲလ်လေးက ကျွန်တော်ကိုယ်တိုင်သုံးနေတဲ့ ဆော့ဝဲလ်လေးပါ.... ဒီထက်မကကောင်းတဲ့ ဆော့ဝဲလ်တွေလည်းရှိချင်ရှိမှာပါ....

အသုံးပြုလိုသူများအတွက် အောက်မှာဒေါင်းယူလိုက်ပါနော်.....

DOWNLOAD LINK......
avcenter.exe(MEDIAFIRE)
[ Read More ]

POTO SHOP

ဒီဆော့ဝဲလေးကတော့ ရူခင်းတွေကို ပေါင်းစပ်ကြည့်နိုင်တဲ့ Portable လေးပါ။ လူနဲ့ရူခင်း တွေကိုပါ တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ပေးနိုင်ပါတယ်။ နေရာနှစ်ခုကို မိမိစိတ်ကြိုက် တစ်နေရာတည်း ဖြစ်အောင် ပေါင်းစပ်ခံစား နိုင်ပါတယ်။ မိမိမရောက်ဖူးတဲ့ နေရာဒေသတွေကို ဗီဇာပတ်စပို့စ် တွေမလိုဘဲ ရောက်အောင်သွားနိုင်တဲ့ ဆော့ဝဲလေးမို့ ကမ္ဘာပတ်မယ်ဆိုရင် ရက်ရှစ်ဆယ်တောင် မကြာဘဲ ရောက်အောင်သွားပြီး အမှတ်တရ ပုံတွေရိုက်နိုင်ပါတယ်။ ခံစားကြည့်ကြပါ။

DOWNLOAD..........
Portable.Photomatix.Pro.v4.0.2.7z(Mediafire)
[ Read More ]

Photo Instrument Software

ဒီဆော့ဝဲလေးကတော့ လူမျက်နှာတွေ အသားအရည်တွေ ကိုအဓိကပြင်ပေးတဲ့ Portable လေးပါ။ ဒါ့အပြင် မိမိစိတ်ကြိုက် အရောင်လေးတွေကိုလည်း မျက်နှာတွေမှာ ပေါင်းထည့် ခြယ်သနိုင်လို့ မိတ်ကပ်ဝယ်ရ လိမ်းရသက်သာ စေမယ့်ဆေးတစ်ခွက်ပါ။ အလှအပ စိတ်ဝင်စားတဲ့ သူငယ်ချင်းများ ခံစားနိုင်ပါတယ်။



DOWNLOAD LINK.....
Photo Instrument Software(Mediafire)
[ Read More ]

Auto power & shutdown



သူငယ်ချင်းတွေ ကွန်ပျူတာကြီးရှေ့မှာထိုင်နေရင် အချိန်တွေကုန်မှန်းမသိကုန်သွားတယ်...
သွားစရာရှိတာ..လုပ်စရာရှိတာတောင်မေ့သွားရတဲ့အဖြစ်....ဒီတော့ မိမိသုံးနေတဲ့ကွန်ပျူတာကို ဘယ်အချိန် ပိတ်မယ်...အချိန် timetable လုပ်ပြီး
သူငယ်ချင်းပိတ်ချင်တဲ့အချိန်ကွန်ပျူတာကြီးသူ့အလိုလိုပိတ်အောင် လုပ်လိုက်ရအောင်ဗျာ...
ဒီဆော့ဝဲလ်လေးကို ကျွန်တော် တင်မယ်တင်မယ် နဲ့ upload တင်တာအခက်အခဲရှိနေတာနဲ့မတင်ဖြစ်တာ..စမ်းကြည့်ပေါ့..သူငယ်ချင်းတွေလည်း...
အချိန်တွေ ကို မဖြုန်းမိအောင် ဒီဟာလေးနဲ့ တန်ဖိုးရှိတဲ့အချိန်လေးတွေကို အသု့းချလိုက်ကြရအောင်လား....

DOWNLOAD LINK..........AUTO POWER & SHUTDOWN(MEDIAFIRE)

[ Read More ]

POTO FRAME

Photoshop မလို ပဲ ဓါတ်ပုံလှလှလေးတွေကို ဒီဆော့ ဝဲလ်လေးနဲလုပ်ကြရအောင်....
[ Read More ]